မြိတ်မြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်းဖွင့်လှစ်
Dec 20,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် သဘာဝဘေးအသိပညာဗဟုသုတရရှိစေရန်၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများကို အကောင်းဆုံးရင်ဆိုင်တုံ့ပြန်ဆောင်ရွက်နိုင်ရန်၊ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် ဟန်ချက်ညီစွာပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ ပြည်သူတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များ ဆုံးရှုံးမှုလျော့နည်းအောင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း(BDMC)ကို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးတွင်ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။