သတင်းများ

ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အားကစားနည်း (၅)မျိုးအား (၅-၃-၂၀၂၄) ရက်နေ့မှ ( ၃-၄-၂၀၂၄) ရက်နေ့အထိ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးနဲမြို့၌ ဆောင်းသီးနှံ နေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Mar 06,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ကျေးရွာအများစုတွင် စိုက်ပျိုးထားသော ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ခူးဆွတ်ရိတ်သိမ်းချိန်တွင် နေကြာ‌အောင်စေ့များ ရရှိရန်နှင့် ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း၊ စောစောစိုက်ပျိုးထားသူများမှာ ရိတ်သိမ်းနေရပြီဖြစ်ကြောင်း ဝမ်‌ယေးကျေးရွာနေ ဆောင်းနေကြာစိုက်ပျိုးသူ ဦးမျိုးအောင်က ပြောကြားသည်။
မိုင်းယောင်းမြို့၌ အသက်(၁၈) ပြည့်မည့်သူများစာရင်း အတည်ပြုခြင်းဆောင်ရွက်
Mar 06,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်မည့်သူများစာရင်း အတည်ပြုခြင်းကို ယမန်နေ့ညနေ ၅ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီး အခြေခံ မော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်
Mar 06,2024
မကွေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရုံးသင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
မြစ်ကြီးနားမြို့၌ နွေရာသီအားကစားသင်တန်းဖွင့်လှစ်
Mar 06,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုး၍ ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ် များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစားနည်းအလိုက် ဆပ်ကော်မတီများက နွေရာသီအားကစားသင်တန်း (၁၈) မျိုး ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူအင်အား (၁၂၀၀) ကျော် တက်ရောက် လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ
Mar 06,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြုံတွေ့လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်ဆုံးရှုံးမှု ကင်းဝေးစေရန်အတွက် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရမည်းသင်းမြို့၊ အင်တိုင်းကျေးရွာ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Mar 06,2024
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်တိုင်း၊ ဝါးဖြူတောင်၊ ဆင်တွင်းကျောင်းကုန်းနှင့် နန်းခွဲအုပ်စုရှိ ဒေသခံပြည်သူများ ပြည်သူ့စ်မှုထမ်း ဥပဒေအကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အင်တိုင်းကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်သည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်ပေး
Mar 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ (အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ နွေရာသီ အခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ မတ်လ(၁)ရက်နေ့မှ စတင်ပြီး မတ်လ(၃၁)ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။