ရမည်းသင်းမြို့၊ အင်တိုင်းကျေးရွာ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာများ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ရမည်းသင်း မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အင်တိုင်း၊ ဝါးဖြူတောင်၊ ဆင်တွင်းကျောင်းကုန်းနှင့် နန်းခွဲအုပ်စုရှိ ဒေသခံပြည်သူများ ပြည်သူ့စ်မှုထမ်း ဥပဒေအကြောင်းအရာများ သိရှိလိုက်နာနိုင်စေရန်နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အင်တိုင်းကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပြုလုပ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်- ၁ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးထက်က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်နှင့် ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များနှင့် တပ်မတော်သားတစ်ဦး၏ ရပိုင်ခွင့်များ၊ အကျိုးခံစားခွင့်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၂ ဦးဝင်းမြင့်မှ ပြည်သူ့စစ်မှုထမ်းခြင်းမှ  ကင်းလွတ်ခွင့်ပြုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၃ လဝက ဦးစီးမှူးဦးသန်းထိုက်မှ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားမှုနှင့် စစ်မှုထမ်းဆောင်ရန် အချိန်ကာလကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးပြောကြားသည်။

ရမည်းသင်းမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲသို့ ကျေးရွာအုပ်စု (၄) အုပ်စုမှ ဒေသခံပြည်သူ စုစုပေါင်း (၂၅၀) ဦးအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို ရှင်းလင်းပြောကြားပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာ သိရှိပြီး သတင်းအမှန်များ သိရှိကြစေရန်၊ ပြည်သူလူထုကြားတွင် ထင်ယောင်ထင်မှားဖြစ်စေမည့် ကောလာဟလသတင်းများ ပျံ့နှံ့ခြင်းမှ ကာကွယ်ရန် ရည်ရွယ်၍ ရမည်းသင်းခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပြည်သူများအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရသည်။

ခရိုင် (ပြန်/ဆက်)