မြစ်ကြီးနား မတ် ၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် ခန္ဓာကိုယ်ဖွံ့ဖြိုး၍ ကျန်းမာကြံ့ခိုင်သည့် မျိုးဆက်သစ် များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် အားကစားနည်းအလိုက် ဆပ်ကော်မတီများက နွေရာသီအားကစားသင်တန်း (၁၈) မျိုး ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူအင်အား (၁၂၀၀) ကျော် တက်ရောက် လျက်ရှိကြောင်း သိရသည်။
နွေရာသီအားကစားသင်တန်းများတွင် ဘောလုံး၊ ဘော်လီဘော၊ အေရိုးဗစ်/ Fitness Dance၊ တိုက်ကွမ်ဒို၊ ပိုက်ကျော်ခြင်း၊ ရေကူး၊ မြန်မာ့သိုင်း၊ ဂျူဒို၊ ပြေး/ခုန်/ပစ်စတဲ့ အားကစား နည်းပေါင်း (၁၈) မျိုး ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျောင်းသား/ကျောင်းသူ အင်အား (၁၂၀၀) ကျော် တက်ရောက်သင်ယူလျက်ရှိပြီး နည်းပြအင်အား (၁၀၀)ဦးဝန်းကျင်ရှိကြောင်း ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအောင်သူထံမှ သိရ သည်။
အဆိုပါ နွေရာသီအားကစားသင်တန်းများကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဘောလုံး အားကစားကွင်းများ၊ မိုးလုံလေလုံအားကစားကွင်းများ၊ သတ်မှတ်နေရာအသီးသီးတွင် မတ် ၁ ရက်နေ့မှ ဧပြီ ၇ ရက်နေ့အထိ နံနက် ၇ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်သင်ကြားလျက်ရှိပြီး သင်တန်းများတွင် အသက် (၆) နှစ်မှ အသက် (၂၀) နှစ်အတွင်းရှိ ကျောင်းသား/ကျောင်းသူများ လာရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ယော်ဆောင်(ပြန်/ဆက်)