ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီအားကစားသင်တန်းများ (အခမဲ့)ဖွင့်လှစ်ပေး

ဒဂုံအရှေ့ မတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ (အရှေ့ပိုင်း)မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ နွေရာသီ အခြေခံအားကစား သင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ မတ်လ()ရက်နေ့မှ စတင်ပြီး မတ်လ(၃)ရက်နေ့အထိ (အခမဲ့) ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း  သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီ အခြေခံ အားကစားသင်တန်းများကို ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်နိုင်ရန် အားကစားနည်း()မျိုးဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ အားကစားနည်း သင်တန်းများမှာ အမျိုးသားအခြေခံ ဘောလုံးသင်တန်း၊ ပြေးခုန်ပစ်၊ အေရိုးဗစ်၊ fitness Dance၊ ဖူဆယ် အားကစားနည်းများဖြင့် နွေရာသီကျောင်းပိတ်ရက်တွင် ဖွင့်လှစ်ပြီး (အခမဲ့) သင်ကြားပေးသွားမည် ဖြစ်ကြောင်းနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် သင်တန်းကြေး (အခမဲ့)ဖြင့် နာမည်စာရင်းများ လာရောက်ပေးသွင်း

နိုင်ပါကြောင်း၊ ယခုလို သင်တန်းဖွင့်လှစ်ခြင်းဖြင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ထံမှ သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)