ပွင့်ဖြူမြို့နယ်၌ ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသ

ပွင့်ဖြူ မတ် ၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြုံတွေ့လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ထိခိုက်ဆုံးရှုံးမှု ကင်းဝေးစေရန်အတွက် ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ တုန့်ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၁ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာနရုံးတွင် ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသရာတွင် ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်က အနီးကပ်ကြီးကြပ်၍ ဒုတိယမီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူပေါင်းပြီး မြို့နယ်အတွင်း ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှု ကင်းဝေးစေရန်အတွက် အချိန်နှင့်တစ်ပြေးညီ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ငလျင်ဘေးမကျရောက်မီ ဆောင်ရွက်ရန်လုပ်ငန်းများ၊ ငလျင်ဘေး ကျရောက်ချိန်နှင့် ကျရောက်ပြီးချိန်များတွင် သတိပေးနှိုးဆော်ခြင်း၊ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် သတိရှိစွာ နေထိုင်နည်းနှင့် ငလျင်လှုပ်ရှားမှု ဖြစ်ပွားပြီးနောက် ရှာဖွေကူညီကယ်ဆယ်ရေးဆောင်ရွက်ပုံအဆင့်ဆင့်နှင့် ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နိုင်ရန်အတွက် ဆက်စပ်ပစ္စည်းများ အသုံးပြုပုံနည်းစနစ်များစသည်တို့ကို ဇာတ်တိုက်လေ့ကျင့်သရုပ်ပြ သခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

ယင်း ငလျင်ဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်သရုပ်ပြပွဲသို့ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )