ဇလွန် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အားကစားနည်း (၅)မျိုးအား (၅-၃-၂၀၂၄) ရက်နေ့မှ ( ၃-၄-၂၀၂၄) ရက်နေ့အထိ အခမဲ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇလွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အခြေခံအားကစားသင်တန်းများအဖြစ် ဘောလုံး ၊ ပိုက်ကျော်ခြင်း ၊ ကြက်တောင် ၊ စားပွဲတင် တင်းနစ် ၊ အေရိုးဗစ် သင်တန်းများကို မတ်လ(၅)ရက်နေ့မှ ဧပြီလ( ၃ )ရက်နေ့ အထိ မြို့နယ် ပြည်သူ့အားကစားကွင်းနှင့် မြို့နယ်အားကစားခန်းမတို့တွင် အားကစားသင်တန်းများအား ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကာ သင်တန်းတက် ရောက်လိုသူများအနေဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာန ရုံးတွင်ဆက်သွယ် စာရင်းပေးသွင်း၍ အခမဲ့သင်တန်း တက်ရောက်နိုင်ကြောင်း သိရသည်။
ဝေယံ(ပြန် /ဆက်)