သတင်းများ

ဓနုဖြူမြို့နယ်တွင် (၄၂) ကြိမ်မြောက် မဟာဒွါရနိကာယ သာသနပါလစာမေးပွဲကြီးကျင်းပ
Mar 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် (၄၂) ကြိမ်မြောက် မဟာဒွါရနိကာယ သာသနပါလစာမေးပွဲကြီးကို အမှတ် (၁) ရပ်ကွက်၊ ပါဠိတက္ကသိုလ်တောင်ပေါ်ကျောင်းတိုက်၌ ယနေ့ မတ်လ ၅ရက်နေ့ နံနက် ၉နာရီ အချိန်ကစတင်၍ ကျင်းပသည်။
ကျောက်ဖြူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Mar 05,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက “နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။
ဂွမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Mar 05,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဝန်ထမ်းများနှင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယနေနေ့လယ်ပိုင်းက Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
သပိတ်ကျင်းမြို့ပေါ်ရပ်ကွက်များ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် လှည့်လည်နှိုးဆော်
Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ပေါ်ရပ်ကွက်များအတွင်း ယမန်​နေ့ ညနေ(၅) နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို ပြည်သူများလိုက်နာဆောင်ရွက်ကြရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးဆော်ဩခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ အသက် (၂) နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများ အပတ်စဉ် ဆက်လက်ဆောင်ရွက်ပေးနေ
Mar 05,2024
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက်(၂)နှစ်အောက် ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများမှ မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်
Mar 05,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မြို့နယ်စာရေးဆရာအသင်းနှင့် (Woman Club) အဖွဲ့တို့ပူးပေါင်း၍ လစဉ် စာဖတ်ဝိုင်းများကိုကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ နေ့လယ် ၁ နာရီချိန်က ရွှေရောင်လူငယ်နှင့် ရွှေရောင်အနာဂတ်စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ငွေများ လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့
Mar 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက်ပိုင်းက နိုင်ငံတော်မှ ထောက်ပံ့ပေးသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို ဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကွက်နှင့် ကျေးရွာစာရေးဝန်ထမ်းများက လက်ဝယ်အရောက် သွားရောက် ပေးအပ်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြော
Mar 05,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီက စုပေါင်းရုံးရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။