ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသို့ ကျောင်းသား/​ ကျောင်းသူ (၆၆၁) ဦး ဝင်ရောက်ဖြေဆိုမည်

ဥတ္တရသီရိ မတ် ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၄ ခုနှစ် မတ်လ (၁၁) ရက်နေ့မှ (၁၉) ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၆၁) ဦး ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အခြေခံပညာအထက်တန်း ကျောင်း စာစစ်ဌာန (၆) ခုတွင် ပြုလုပ်မည်ဖြစ်ရာ ကျောင်းသား/ကျောင်းသူ အတွင်းဖြေ (၆၃၇) ဦးနှင့် အပြင်ဖြေ (၂၄) ဦး စုစုပေါင်း (၆၆၁) ဦး ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့်လျှောက်လွှာများ တင်သွင်းထားပြီး တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို အတွင်းဖြေ ကျောင်းသား/ ကျောင်းသူများက မိမိတက်ရောက်နေသည့် ကျောင်းများတွင်ထုတ်ယူကြပြီး အပြင်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများက မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ယူလျက်ရှိကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)