ဟားခါး မတ် ၆
လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်စေရေးအတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများ ရှင်းလင်းပွဲကို ယမန်နေ့ နံနက် (၁၀) နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်းလင်းပွဲတွင် လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ ကျူးလွန်ဆောင်ရွက်မှု အခြေအနေကို ခွင့်ပြုရန် သင့်မသင့် စိစစ်ခွဲခြားရန်အတွက် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းများရှိနေသည့်အတွက် လုပ်ထုံးလုပ်နည်း လွှဲချော်မှုများနှင့် အခြားသော အဂတိလုပ်ငန်း များ ရင်ဆိုင်ဖြေရှင်းနေရသည်ကို အားလုံးအသိဖြစ်ကြောင်း ၊ အဆိုပါ အားနည်းချက်များ ဖြေရှင်းပေး ရန်နှင့် နောင်ထပ်မံ မဖြစ်စေရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ( ၃၃ / ၂၀၂၄ ) ဖြင့် ထုတ်ပြန်ခဲ့သည့် လယ်ယာမြေကို ခွင့်ပြုချက်မရရှိဘဲ အခြားနည်းဖြင့် အသုံးပြုခြင်းကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ထိန်းချုပ်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများအား ပြည်နယ် ကော်မတီများအနေဖြင့် ကောင်းမွန်စွာ နားလည်သဘောပေါက် ဆောင်ရွက်စေရန်နှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်ပါ ခရိုင်၊ မြို့နယ်မြေပြင် ကွင်းဆင်းစစ်ရေးအဖွဲ့များ မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် စောင့်ကြည့်စိစစ် တင်ပြရေးအဖွဲ့ကို ဖွဲ့စည်းနိုင်ရေးအတွက် ရည်ရွယ်၍ စံပြု လုပ်ထုံးလုပ်နည်းများအား ထပ်ဆင့်ရှင်းလင်းပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြား သည်။
ထို့နောက် လယ်ယာမြေတွင် ခွင့်ပြုမိန်မရရှိဘဲ ကျူးလွန်ဆောင်ရွက်မှု အခြေအနေကို ခွင့်ပြု ရန်သင့်မသင့် စိစစ်ခွဲခြားရန်အတွက် လုပ်ငန်းကော်မတီ၊ တွဲဖက်အတွင်းရေးမှူး (ကိုယ်စား) ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးက လယ်ယာမြေကို ခွင့်ပြုမိန့်မရှိဘဲ အခြားနည်းဖြင့်အသုံးပြုခြင်းများကို ဖြေရှင်းနိုင်ရန်နှင့် နောင်ထပ်မံမဖြစ်စေရေး အတွက် ထိန်းချုပ်နိုင်ရန် ဆောင်ရွက်မည့် စံပြုလုပ်ထုံးလုပ်နည်းများကို (Power Point) ဖြင့် အသေး စိတ်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ ကျူးလွန်ဆောင်ရွက်မှု အခြေအနေကို ခွင့်ပြုရန် သင့်မသင့် စိစစ်ခွဲခြားရန်အတွက် လုပ်ငန်းကော်မတီဝင်များက ဆွေးနွေးတင်ပြကြပြီး လယ်ယာမြေတွင် ခွင့်ပြုမိန့်မရရှိဘဲ ကျူးလွန် ဆောင်ရွက်မှုအခြေအနေကို ခွင့်ပြုရန် သင့်မသင့် စိစစ်ခွဲခြားရန်အတွက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)