မောက်မယ်မြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၄၉)ဦး ဝင်ရောက်ဖြေဆိုမည်

မောက်မယ် မတ် ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်) စာစစ်ဌာန (၁)ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၄၉)ဦး ဝင်ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မောက်မယ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မောက်မယ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)မှ ကျောင်းသား (၁၇)ဦး၊ ကျောင်းသူ (၂၂)ဦး၊ စုစုပေါင်း (၃၉)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(ပူးယာစန်း)မှ ကျောင်းသား (၃)ဦး၊ ကျောင်းသူ (၇)ဦး၊ စုစုပေါင်း (၁၀)ဦး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၉)ဦးတို့မှ မြို့နယ်ပညာရေးမှူးရုံးမှ ဖြေဆိုခွင့်ကတ်ပြားများထုတ်ပေးထားပြီးကြောင်း သိရသည်။ သက်ဆိုင်ရာမြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများမှလည်း မြို့နယ်ပညာရေးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/သူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)စာစစ်ဌာနတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)