သာစည် မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ရွာပုလဲလေးကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့က ကျေးရွာမြစိမ်းရောင် ကြီးကြပ်မှုကော်မတီဝင် အသင်းသား၊ အသင်းသူများထံသို့ ပေးအပ်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြသက်ဝင်းက ရှင်းလင်းပြောကြားခဲ့ပြီး ၊မြစိမ်းရောင်စီမံကိန်း ကြီးကြပ်မှုကော်မတီထံသို့ မြစိမ်းရောင်စီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ မြစိမ်းရောင် စီမံကိန်း ကြီးကြပ်မှုကော်မတီဝင်များက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်လျက်ရှိသော အသင်းသား၊ အသင်းသူ (၁၅၆)ဦးထံသို့ ငွေကျပ် ၅၂.၆၅ သန်းကို ၊ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)