ကန်ကြီးထောင့် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းအချိန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို အခမဲ့ လိုက်လံဖြန့်ဝေပေးခဲ့ ကြသည်။
အဆိုပါ လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံးရှိ ဝန်ထမ်းများက ပြည်သူများ သိရှိနားလည်နိုင်စေရန် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဘာကြောင့် ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ၊ နိုင်ငံ့ခေါင်းဆောင်များ၏ အဆိုအမိန့်များပါရှိသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာ ပါဝင်သော လက်ကမ်းစာစောင်များအား မြို့နယ်အတွင်ရှိ လူစည်ကားရာနေရာများတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရှိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)