ကန်ကြီးထောင့် မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အေးချမ်းသာယာ လုံခြုံမှုရှိစေရေးအတွက် နယ်မြေလုံခြုံရေးအဖွဲ့နှင့် ဌာနဆိုင်ရာတို့မှ ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီအချိန်ခန့်က ကန်ကြီးထောင့် မြို့အဝင်၊ ကန်ကြီးထောင့် - မာလာကုန်း လမ်းဆုံတွင် မော်တော်ယဉ်များ စစ်ဆေးခြင်းနှင့် ယာဥ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများ၊ ရဲတပ် ဖွဲ့ဝင်များ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ မော်တော်ယဉ်များ စစ်ဆေးခြင်း၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းစစ်ဆေးခြင်းနှင့် အမှိုက်များအား စနစ်တကျ စွန့်ပစ်စေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း နေထိုင်ကြသည့် အများပြည်သူတို့ စိတ်အေးချမ်းသာယာလုံခြုံစွာ နေထိုင်နိုင်စေရေး၊ မှု့ခင်းကြိုတင်ကာကွယ်ရေး၊ ဒုစရိုက်မှုများ လျော့နည်းကျဆင်းစေရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် နယ်မြေလုံခြုံရေးဆိုင်ရာ လုပ်ငန်းများ၊ မော်တော်ယဉ်များ စစ်ဆေးခြင်းနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ဇင်စိုး (ပြန်/ဆက်)