မိုင်းနောင်မြို့ လယ်ဓမ္မာရုံအပတ်စဥ်ဓမ္မစကူးလ်တွင် နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

မိုင်းနောင် ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ မြို့လယ်ဓမ္မာရုံတွင် အပတ်စဥ်ဓမ္မစကူးလ်တက်ရောက်နေသော ကျောင်းသားလူငယ်များအား ဓမ္မစာပေများအပြင် ပြင်ပဗဟုသုတများလေ့လာနိုင်ရန် နယ်လှည့်စာကြည့်တိုက်ကို ယမန်နေ့ နေ့လည်(၁)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဝန်ထမ်းများသည် မြို့လယ်ဓမ္မာရုံရှိ ဓမ္မစကူးလ်သင်တန်းသားများများအားလုံး စာဖတ်ရှိန်မြင့်မားစေရန်၊ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်ရန်၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ပြင်ပစာပေများမှအသိပညာဗဟုသုတများရရှိ၍ အဖက်ဖက်မှဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နယ်လှည့်စာကြည့်တိုက်ကို ဆောင်ရွက်ပေးကြောင်း သိရှိရသည်။ အဆိုပါဆောင်ရွက်မှုတွင် အပတ်စဥ်တနင်္ဂနွေနေ့ ဓမ္မစကူးလ်ရှိ ဆရာမနှင့်သင်တန်းသား၊သင်တန်းသူများ (၁၆၅)ဦးအား စာပေအသိပညာများ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

မနန်း(မိုင်းနောင်)