ကျောက်တလုံးကြီး ဇူလိုင် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူများနှင့် ပြည်သူများစာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် စာရေးဆရာအောင်သင်း၏ လူငယ်ရဲ့ဘဝနှင့်တန်ဖိုးစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာပေဝါသနာရှင်များ၊ ကျောင်းသား/ကျောင်းသူများက စာရေးဆရာ အောင်သင်း၏ လူငယ်ရဲ့ဘဝနှင့်တန်ဖိုးစာအုပ်တွင်ပါရှိသော ဆောင်းပါးများအား ဖတ်ရှုဆွေးနွေးကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေဖတ်ရှုခြင်းအလေ့အထကောင်းများရင့်သန်လာစေရန်၊ စာကောင်းပေကောင်းများ ရွေးချယ်ဖတ်ရှုတတ်စေရန်နှင့် စာကြည့်တိုက်အားပိုမိုအသုံးချ၍ အသိပညာများတိုးပွားလာစေရန်ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း