သတင်းများ

မိုင်းဖြတ်မြို့နယ်၌ ဖိုင်ကန်ရေလွှဲဆည် ဆောင်ရွက်ပြီးစီးမှူးအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 20,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးစိုင်းဟွမ်နွဲ့နှင့်တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရက်(၁၀၀)စီမံကိန်းဖြင့် နမ့်လန်း‌ကျေးရွာအုပ်စု၊ နမ့်ဖတ်ချောင်းပေါ်တွင်အကောင်အထည် ဖော်ဆောင်ရွက်သည့် ဖိုင်ကန်ရေလွှဲဆည်ပြီးစီးမှူးအားကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကမမောင်းမြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုခြင်းပြိုင်ပွဲအခမ်းအနား ကျင်းပ
Jul 20,2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက အထက (ကမမောင်း) ကျောင်းရှိ “သံလွင်ခန်းမ” ၌ စည်ကား သိုက်မြိုက်စွာ ကျင်းပသည်။
တောင်တွင်းကြီးမြို့နယ် ကံလှကန်ကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုး‌ရေး ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jul 20,2026
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ ‌“‌ကျေးလက်‌ဒေသဖွံ့ဖြိုး‌ရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ဆွေးနွေးပွဲကို ဇူလိုင်လ ၁၈ ရက် မွန်းလွဲပိုင်းက ကံလှကန်ကျေးရွာ၊ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးအတွင်းရှိ MSMEs လုပ်ငန်းများ၌ စက်မှုလုပ်ငန်းသုံးစားအုန်းဆီများ အမှန်တကယ်သုံးစွဲမှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေး
Jul 20,2026
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ၏လမ်းညွှန်ချက်အရ တိုင်းဒေသကြီး စက်မှုလုပ်ငန်းသုံးဆီကြီးကြပ်ရေးအဖွဲ့ဝင်ဌာနများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မကွေးတိုင်းဒေသကြီးအတွင်းရှိ (MSMEs)လုပ်ငန်းများဖြစ်သည့် ပဲကြော်လုပ်ငန်းများ၊ အာလူးကြော်နှင့်အကြော်စုံလုပ်ငန်းများ၊ မုန့်မျိုးစုံလုပ်ငန်းများအား လုပ်ငန်းအမျိုးအစားအလိုက် ထုတ်ယူရရှိသည့် စားအုန်းဆီများအားလုပ်ငန်းများတွင် အမှန်တကယ်သုံးစွဲခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ သတ်မှတ်လုပ်ငန်းလိုင်စင်နှင့် ထောက်ခံချက်များရယူထားခြင်း ရှိ/မရှိ၊ မိမိတို့လုပ်ငန်းများအတွက် အခွန်ပေးဆောင်ထားခြင်းရှိ/မရှိတို့ကို မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ဇူလိုင်လ၁၆ ရက်နေ့မှစတင်၍ တစ်ပြိုင်တည်း မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique ID နံပါတ် ထုတ်ပေးခြင်းအခမ်းအနားတက်ရောက်
Jul 20,2026
နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Unique ID နံပါတ် ထုတ်ပေးခြင်းအခမ်းအနားကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ထားဝယ်မြို့နယ်ဦးစီးမှူးရုံးက ယနေ့နံနက်ပိုင်းတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများအားဆောင်ရွက်ပေးသည်။
လယ်ဝေးမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ
Jul 20,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်‌တော်လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ "ကျေးလက်ဒေသဖွံ့ ဖြိုးရေး" ပြည်သူ့စကားဝိုင်း (Public Talk) ကို ဇူလိုင် ၁၈ ရက်နေ့ မွန်းလွဲ၁ နာရီက ပြည်ဝင်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
သံတောင်ကြီးဒေသထွက်ပေါ်ဦးပေါ်ဖျားမင်းဂွတ်သီးများဈေးကောင်းရရှိ
Jul 20,2026
ကရင်ပြည်နယ်  သံတောင်ကြီးဒေသသည်   တောင်ပေါ်ဒေသဖြစ်ပြီး  ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံ လုပ်ငန်းဖြစ်သော   နှစ်ရှည်ပင်သီးနှံများကို   အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့်  မင်းဂွတ် သီးများသည်  ယခုဇူလိုင်လဒုတိယပတ်မှစ၍   အသီးများရင့်မှည့်၍  ဆွတ်ခူးရောင်းချရာတွင်   ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။
ထားဝယ်မြို့တွင်းရှိ စားအုန်းဆီအရောင်းဆိုင်များအားကြည့်ရှုစစ်ဆေး
Jul 20,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချ နိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် ခရိုင်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက စားအုန်းဆီအရောင်းဆိုင်များအားကြည့်ရှုစစ်ဆေးသည်။