ပင်လောင်း ဇူလိုင် ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါကျောင်းအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း ၁၀နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် Grade–12 ကျောင်းသား/ကျောင်းသူများက "လူငယ်စွမ်းရည်" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးတင်ငွေနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးဖြူတို့က အဖွင့်အမှာစကားပြောကြားခဲ့ကြကြောင်း သိရသည်။
ထို့နောက် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဦးမြင့်လွင်က ကျောင်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ရှင်းလင်းပြောကြားပြီး ၂၀၂၅-၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား/ကျောင်းသူများနှင့် ဂုဏ်ထူးရရှိအောင်သင်ကြားပေးခဲ့သော ဆရာ၊ဆရာမများအား မြို့နယ်ပညာရေးမှူးနှင့် အ.ထ.က(၁) နယ်မြေကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ (၁၅၃)ဦး ဝင်ရောက်ဖြေဆိုရာ အောင်မြင်သူ (၉၁)ဦးရှိပြီး အောင်ချက် ၅၉ ဒသမ ၄၈ ရာခိုင်နှုန်းရှိကြောင်းနှင့် လေးဘာသာဂုဏ်ထူး တစ်ဦး၊ သုံးဘာသာဂုဏ်ထူး တစ်ဦး၊ နှစ်ဘာသာဂုဏ်ထူး နှစ်ဦး၊ တစ်ဘာသာဂုဏ်ထူး (၂၈)ဦးရှိကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်