ပေါင် ဇူလိုင် ၂၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့က အ-ထ-က(မင်းတန်း)ကျောင်း၌ပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်တင်ဇာစိုးနှင့်ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီးဦးဇော်လွင်ဦးနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဇော်လွင်ဦးက ဒီရေတောများ၏ အခြေအနေနှင့် အသုံးဝင်ပုံများ၊ ဒီရေတောကမ်းရိုးတန်း သယံဇာတများ ဆုံးရှုံးပျက်စီးရသည့် အကြောင်းအရင်းများနှင့် ကမ်းရိုးတန်းဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ဟောပြောခဲ့ပြီး ကျောင်းသား/ကျောင်းသူများက သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။ ထို့နောက် မြန်မာ့ဒီရေတောနှင့်ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
မွန်မလေး(ပြန်/ဆက်)