လားရှိုး ဇူလိုင် ၂၀
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် သာ့သနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန် ဩဝါဒခံယူပွဲနှင့် ပထမအကြိမ် အလှူငွေပေးအပ်ပွဲကို ယမန်နေ့က မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ပရိဝုဏ်အတွင်း၌ ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များ တက်ရောက်သည်။
ရှေးဦးစွာ တက်ရောက်လာကြသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ဆီးမီး၊ ပန်း၊ ရေချမ်း၊ ဆွမ်းနှင့် သစ်သီးများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆရာတော်သံဃာတော်အရှင်သူမြတ်များအား “ဩကာသ” ကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူဆောက်တည်သည်။
ဆက်လက်၍ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစုအားလည်းကောင်း၊ သာ့သနာ့ဗိမာန်တော်ကြီး ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလှူငွေများအားလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)