သတင်းများ

ရမည်းသင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ် မြေစိုက်ပိုစတာ စိုက်ထူပွဲ ကျင်းပ
May 21,2026
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေး၊ မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက် ၇နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့၊ အ.ထ.က- မြို့မကျောင်းရှေ့နှင့် အ.ထ.က(၁)-ရမည်းသင်း ကျောင်းရှေ့တို့၌ ကျင်းပပြုလုပ်သည်။
နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ
May 21,2026
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောင်းသား/သူ များဖြင့်ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရေနံချောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးအသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူ
May 21,2026
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံနိုင်ရေးအတွက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” အသိပညာပေးဗီနိုင်းပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
May 21,2026
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လုံခြုုံရေးအခြေအနေအရ ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအနက် ပြည်လည်ဖွင့်လှစ်၍ရသည့်ကျောင်းများကို ယခု ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းအပ်လက်ခံပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့ပေါ်ရှိ အခြေခံပညာမူလတန်းကျောင်းများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားပေး
May 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အသေးစားအငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေး ဖွင့်လှစ်သည့် တန်ဖိုးမြင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဒုတိယအကြိမ်အား လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ပဲခူးမြို့တွင် “ လူငယ်နှင့်အနာဂတ်နိုင်ငံတော်ဖွံ့ဖြိုးရေး” လူငယ်စကားဝိုင်း ပြုလုပ်
May 21,2026
ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာ ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် “ လူငယ်နှင့် အနာဂတ်နိုင်ငံတော် ဖွံ့ဖြိုးရေး” လူငယ်စကားဝိုင်း အခမ်းအနားကို မေလ(၂၀)ရက်နေ့၊ မွန်းလွဲပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းနှင့် ရှင်စောပုလမ်းထောင့်ရှိ တိုင်းဒေသကြီးလူငယ်စင်တာခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁)နှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းစစ်ဆေး
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် ကျေးသီးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁) ဒေါ်နန်းမွန်းအောင်နှင့် သက်ဆိုင်ရာဌာနများမှတာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်ရပ်မိရပ်ဖများသည် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယမန်နေ့က ဝမ်စိမ်းနှင့်မိုင်းယန်းကျေးရွာအုပ်စုများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ၌ စက်ချုပ်နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
May 21,2026
‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ပင်းတယမြို့နယ်၊ သရက်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (ပထမ)အကြိမ်ဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း ကျင်းပခဲ့သည်။