မြစ်သားမြို့နယ်၌ တောင်သူများအတွက်   မိုးရာသီ စိုက်ပျိုးစရိတ်ထုတ်ချေး

မြစ်သား မေ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ် အတွင်းရှိ တောင်သူများအား ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခြင်းကို မေ ၁၅ ရက်မှစတင်၍  ထုတ်ချေး‌ကြောင်းသိရသည်။

မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းနှင့်ပတ်သက်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲမှ မြို့နယ်မန်နေဂျာ ဒေါ်ချောစုလှိုင်က ချေးငွေ ညွှန်ကြားစာပါစည်းကမ်းချက်များနှင့်အညီ ယခင်နှစ်ချေးငွေ‌ကြွေးကျန်အားလုံး ပြန်လည်ပေးဆပ်ပြီးသော တောင်သူများကိုသာ ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်းရှင်းလင်းပြောကြားသည်။ ထို့နောက်မြို့နယ်အတွင်းရှိ ယခင်နှစ် ၂၀၂၅ မိုးချေးငွေများပြေကျေစွာ ာပေးဆပ်ပြီးသော ကျေးရွာအုပ်စု ၇ အုပ်စု တောင်သူ ပေါင်း ၂၃၆ ဦး၏ ဧကပေါင်း ၉၉၅ ဧက အတွက် စပါး  ၁ ဧကလျှင်  ၃ သိန်းနှုန်းနှင့် အခြားသီးနှံ ၁ဧကလျှင် ၂ သိန်းခွဲနှုန်းဖြင့် ချေးငွေကျပ်သိန်းပေါင်း ၂၈၉၄.၅၀သိန်း မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်‌‌ချေး‌ပေးပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသည့်‌ကျေးရွာအုပ်စုများကို ဆက်လက်ထုတ်‌ချေးပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)