ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ် အခမဲ့ပုံမှန်ပြေးဆွဲပေး
May 26,2025
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တွင် လာရောက်တာဝန်ထမ်းဆောင်လျှက်ရှိသော ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ သွားလာမူအဆင်ပြေစေရန်အတွက် နိုင်ငံတော်စီမံချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ကိုကိုးကျွန်းမြို့နယ်သို့ တပ်မတော်လေယာဉ်ခရီးစဉ်ကို တစ်လလျှင်တကြိမ် အခမဲ့ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။