သတင်းများ

နောင်တရားမြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကျင်းပ
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများအပိုဝင်ငွေရရှိစေရန် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခန်းမ၌ ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်စားဝန်ထမ်းများအား ပင်စင်လစာငွေများ  ထုတ်ပေးလျက်ရှိ
May 21,2026
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ မေလအတွက် အငြိမ်းစားပင်စင်လစာငွေများကို ယနေ့ နံနက်(၅) နာရီကစတင်ကာ အငြိမ်းစားပင်စင်စား နိုင်ငံ့ဝန်ထမ်းများကို စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ Pilot Project အစီအစဥ်ဖြင့် Football For School Program အရ ဖွင့်လှစ်သည့် ဘောလုံးသင်တန်းအားကြည့်ရှု့အားပေး
May 21,2026
ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေးမှ ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်တွင် Pilot Project (Football For School Program )အရ ဖွင့်လှစ်လျက်ရှိသည့် ဘောလုံးသင်တန်းကို ယ​နေ့နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။
ဟိုပုံးမြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ စိုက်ထူ
May 21,2026
ပညာရေးဝန်ကြီးဌာန၊ ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် “ကျောင်းနေအရွယ် ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ယနေ့နံနက် ၁၁ နာရီအချိန်က  ဟိုပုံး-လွိုင်လင်သွား ပြည်ထောင်စုလမ်းမကြီးဘေး လမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။
ညောင်ရွှေမြို့ရှိ အခြေခံပညာကျောင်းများ၌ ခြင်ဆေးဖြန်းခြင်းနှင့် ရေတွင်းရေကန်များအတွင်း ခြင်နှိမ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
May 21,2026
အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနှင့် ခြင်ပုန်းခြင်ကြားများ ခိုအောင်းပေါက်ဖွားမှုမရှိစေရေး၊ ပိုလောက်လန်းများ မပေါက်ဖွားရေးအတွက် ကျောင်းဝန်းအတွင်းရှိ ရေတွင်းရေကန်များအတွင်း လောက်လန်းနှိမ်နှင်းရေး ဆေးများခပ်ခြင်း၊ ကျောင်းစာသင်ခန်းများနှင့် ဝန်းကျင်တွင် ခြင်နှိမ်ဆေးမှုတ်ခြင်းလုပ်ငန်းများ ယနေ့နံနက်(၉)နာရီက ညောင်ရွှေမြို့ပေါ်ရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်ခဲ့သည်။
မူဆယ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများတွေ့ဆုံပွဲ ကျင်းပ
May 21,2026
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ တွေဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် ဒေသခံတောင်သူများအတွက် သီးနှံမျိုးစေ့နှင့် သွင်းအားစုများချီးမြှင့်ပေးအပ်ပွဲ ကျင်းပ
May 21,2026
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် ဒေသခံတောင်သူများအတွက် သီးနှံမျိုးစေ့နှင့်သွင်းအားစုများအား ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးရုံး၌ ကျင်းပပြုလုပ်သည်။
ကျေးသီးမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
May 21,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့ မီးသတ်စခန်းမှ ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဦးစီးအရာရှိ ဦးဆောင်၍ အဖွဲ့ဝင်များသည် ယနေ့နံနက်(၈)နာရီ အချိန်က  ဌာနဆိုင်ရာရုံးများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။