သတင်းများ

စဉ့်ကိုင်မြို့နယ်၌  ၂၀၂၅-၂၀၂၆ပညာသင်နှစ်တွင်  ကျောင်းသား၊ ကျောင်းသူ ၂၃၃၀၁ ဦး ကျောင်းအပ်နှံပြီးစီး
May 26,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို မေလ ၂၂ ရက်နေ့က စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၆ရက် ယနေ့ထိ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူဦးရေ ၂၃၃၀၁ ဦး ကျောင်းအပ်နှံပြီးစီးပြီ ဖြစ်ကြောင်းသိရသည်။
ညောင်ဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံသူ များပြား
May 26,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား မေ ၂၆ ရက်၊ နံနက် ၉ နာရီအချိန်တွင်လည်း ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်လာသူ ကျောင်းသား/သူများ များပြားလျက်ရှိကြောင်း သိရသည်။
ပင်လောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
May 26,2025
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင် စမ်းချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် ကွင်းဆင်းဆောင်ရွက်‌ခြင်းကို ယမန့်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လိပ်သိုဒေသတွင် ပိန္နဲပင် စိုက်ပျိုးခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိ
May 26,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံ ပြည်သူများမှာ မိမိတို့၏ အိမ်ခြံဝင်းများနှင့် ဥယျာဉ်ခြံများတွင် ပိန္နဲပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိရာ ပိန္နဲသီး သီးချိန်တွင် ပိန္နဲသီးနုများနှင့် ပိန္နဲသီးမှည့်များ ရောင်းချခြင်းဖြင့် အပိုဝင်ငွေ ရလျက်ရှိနေကြောင်း သိရသည်။
ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ဖြင့် နွေပဲတီစိမ်းစိုက်တောင်သူများ ဧက ၂၃၀ စိုက်ပျိုးအောင်မြင်ကာ တစ်တင်း ၁၅၀၀၀၀ ကျပ်ရောင်းချနေရ
May 26,2025
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျောက်ကူးမြစ်ရေတင်ရေဖြင့် စိုက်ပျိုးထားသည့် နွေပဲတီစိမ်း စိုက်တောင်သူများ အောင်မြင်ဖြစ်ထွန်းနေကာ ဆွတ်ခူးရောင်းချချိန် မနှစ်ကထက် ဈေးနှုန်းပိုမိုရရှိနေသောကြောင့် မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် ကျေးလက်တောင်သူများ တွက်ခြေကိုက်အဆင်ပြေနေကြကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပဆောင်ရွက်
May 26,2025
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဋ) ရပ်ကွက်ရှိ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမတွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က ကျင်းပဆောင်ရွက်ခဲ့သည်။
မှော်ဘီမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများ ရှင်းလင်းဆောင်ရွက်
May 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၌ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရန်နှင့် ရေလျှံခြင်းမဖြစ်ပေါ်စေရန်ရေဝင်၊ ရေထွက်ရေမြောင်းများ ရှင်းလင်းဖယ်ရှားဆောင်ရွက်ခြင်းကို ယနေ့ နံနက်(၈)နာရီက မှော်ဘီမြို့နယ် ပြည်လမ်းဘေးတပ်ကြီး ကုန်းကျေးရွာနှင့် အမှတ်(၄)လမ်းဆုံရှိ ရေမြောင်းများအတွင်းအမှိုက်များ၊ သစ်ကိုင်သစ်ခက်များ၊ နှုန်းသဲများ ဖယ်ရှားရှင်းလင်းဆောင်ရွက်ခဲ့​သည်။