သတင်းများ

တိုက်ကြီးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်
May 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မိုးရာသီ၌အဖြစ်များသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရေ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့မကျန်းမာရေးမှူး ဦးမြင့်ထွေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း၌ လိုက်လံဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာ၌ စပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရန်ရှောင်ရန် အချက်များ ပညာပေးဆွေးနွေး
May 26,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိ‌ရေး တောင်သူပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
ဒေါပုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
မှော်ဘီမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ် ပြားထုတ်ပေးခြင်း၊ ပြုလုပ်ခြင်းနှင့် Biometric ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်
May 26,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် ဦးစီးမှူးရုံးမှဝန် ထမ်းများကပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုများအတွင်းသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကာလိမြို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
May 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်တွင် ငလျင်ဒဏ်ခံနိုင်သည့်အဆောက်အဦများ ဆောက်လုပ်နိုင်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပ
May 26,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေသူဌေးရပ်ကွက်ရှိ မြို့နယ်ခန်းမ၌ ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အဦများဆောက်လုပ်နိုင်ရေး အသိပညာပေးဟော ပြောပွဲအခမ်းအနားတွင် တပ်မတော်စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီးမျိုးသန့်နိုင်၊ ကျောက်ဆည်ခရိုင်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ မန္တလေးငလျင်ဒဏ်သင့် ဒေသခံပြည်သူများကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါခန်းမ၌ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း (၇၂)ဦး ကျောင်းအပ်ခံပြီးစီး
May 26,2025
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် တွဲဖက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ကျောင်းအပ်လက်ခံဆောင်ရွက်ခြင်းကို ဇွန် (၂၂) ရက်နေ့နမှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား/သူ စုစုပေါင်း(၇၂)ဦး လက်ခံပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အ.ထ.က (ပန်းတောင်း) ကျောင်းခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပကြောင်း သိရသည်။