ကျွန်းစု မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် မြိတ်ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ရက် ၁၀၀ စီမံချက်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းအဖြစ် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ကို မေ ၂၂ ရက် မှ ၂၈ ရက်အထိ ၇ ရက်ကြာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ရာ ဖွင့်ပွဲအခမ်းအနားကို ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက အမှာစကားပြောကြားခဲ့ပြီး မြိတ်ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သူသူစံက စီမံကိန်းလုပ်ငန်းအကြောင်း ပြောကြားသည်။
ထို့နောက် စီမံကိန်းလက်စွဲစာစောင်နှင့် သင်ထောက်ကူပစ္စည်းများအား လွှဲပြောင်းပေးအပ်သည်။ အဆိုပါ သင်တန်းတွင် သီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ ၁၈ မျိုးကို ကျေးရွာအတွင်းမှ စိတ်ပါဝင်စားသူ ၁၀ ဦး တက်ရောက်လေ့လာလျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)