ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ တောင်သူနည်းပညာပေး‌ဆွေးနွေးပွဲ ပြုလုပ်

မင်္ဂလာဒုံ မေ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စိုက်ပျိုးရေးရုံး၌ ယနေ့နံနက်(၁၀)နာရီအချိန်က ရက် ၁၀၀ စီမံချက်အရ တိုင်း‌မြေ/ မျိုး/ ပိုး တာ၀န်ခံများနှင့် မြို့နယ်၀န်ထမ်းများ၊ လုပ်ငန်းရှင်များနှင့် တောင်သူများအား တောင်သူနည်းပညာပေး‌ဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ထို‌ဆွေးနွေးပွဲတွင် တိုင်းသီးနှံကာကွယ်ရေးတာ၀န်ခံ ဦးမိုးခိုင်မှ ပိုးသတ်ဆေးဥပဒေ၊ ဘက်စုံသီးနှံကာကွယ်နှိမ်နင်းနည်းနှင့် ဓာတ်ကြွင်းလျှော့ချရေးနည်းလမ်းများ ဆွေးနွေးခဲ့ပြီး တိုင်းမျိုးစေ့တာ၀န်ခံ ဒေါ်ဆွေဆွေဦးမှ မျိုးစေ့ဥပဒေနှင့် မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် ခေါင်နှံရွေးချယ်မျိုးပွားရေးနှင့် တိုင်း‌‌မြေအသုံးချရေးမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေးသင်းမှ ဓာတ်မြေဩဇာသုံးစွဲမှု လျှော့ချရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်သည့်နည်းလမ်းများ ဆွေးနွေးခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးထွေးအောင်မှ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊‌ မြေ၊ ရေ၊ နည်းစနစ်များ မှန်ကန်စွာ လိုက်နာဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ၀န်ထမ်း၊ လုပ်ငန်းရှင်၊ တောင်သူ စုစုပေါင်း(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)