မြင်းခြံတက္ကသိုလ်၌ မူလတန်းပြ ဆရာ/ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်း ဆင်း

မြင်းခြံ မေ ၂၂

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ မူလတန်းပြ ဆရာ/ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးက အမှာစကားပြောကြားသည်။ ထို့နောက် မူလတန်းပြ ဆရာ/ဆရာမများက “လမ်းပြကြယ်” သီချင်းဖြင့်လည်းကောင်း၊ “နှုတ်ဆက်ခဲ့ပြီ”သီချင်းဖြင့်လည်းကောင်း သီဆိုကပြ ဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ မူလတန်းပြ ဆရာ/ဆရာမများ အင်္ဂလိပ်စာအရည်အသွေးမြှင့်သင်တန်းမှ ဆရာ/ ဆရာမများအား သင်တန်းဆင်းလက်မှတ်များကို မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးက ပေးအပ်ရာ မူလတန်းပြ ဆရာ/ ဆရာမများက လက်ခံရယူသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြင်းခြံတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီး၊ ဒုတိယပါမောက္ခ ဆရာမကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ ခရိုင်ပညာရေးမှူး ဒေါ်ခင်နှင်းအေး၊ မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်းနှင့် သင်တန်းသား ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)