စလင်းမြို့နယ်အတွင်း မိုးစပါး(၄၇၇၁၅)ဧက လျာထားစိုက်ပျိုးမည်
Jun 20,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး(၄၇၇၁၅)ဧက လျာထားစိုက်ပျိုးမည်ဖြစ်ပြီး ဒေသခံတောင်သူများ စပါးထုတ်လုပ်မှုတိုးတက်စေရေး တောင်သူလယ်သမားများအရည်အသွေးကောင်းမွန်သော မျိုးစပါးများကိုစိုက်ပျိုးလုပ်ဆောင်ခြင်းဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာစေရန် စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ စီမံဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။