မြင်းခြံ မေ ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အခွန်ဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အမှာစကားပြောကြားပြီး မြင်းခြံမြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်ကျော့မွန်ဝင်းက မြင်းခြံမြို့ပေါ်ရှိ လုပ်ငန်းရှင်များအား အခွန်ဆိုင်ရာသိမှတ်စရာများကို ကျယ်ကျယ်ပြန့်ပြန့်ရှင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များ၏ သိရှိလိုသည့်မေးမြန်းမှုများကို သက်ဆိုင်ရာတာဝန် ရှိသူများက ပြန်လည်ဖြေကြားသည်။
ဆွေးနွေးပွဲသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြင်းခြံမြို့ပေါ်ရှိ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး အခွန်အသိပညာပေးလက်ကမ်းစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)