မြစ်သားမြို့နယ် ပန်းလောင်မြစ်အတွင်း၌ ဇိဝိတဒါန ငါးလွှတ်ပွဲအခမ်းအနား ကျင်းပ

မြစ်သား မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်တွင် နွားကူးကြီးကျေးရွာအုပ်စု၊ နွားကူလေး ကျေးရွာအနီးရှိ  ပန်းလောင်မြစ်အတွင်း၌ ဇိဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို မေ ၂၂ ရက် နံနက် ၇ နာရီက ကျင်းပသည်။

 အခမ်းအနားတွင် မြစ်သားမြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊   မြို့နယ်စီမံကိန်းဦးစီးဌာနမှူး ဒေါ်နီလာအေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးမင်းနိုင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးအောင်မျိုးချစ်၊  ကူမဲ​မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ ကူမဲငါးလုပ်ငန်းစခန်း တာဝန်ခံ ဦးစောအောင်ကိုလတ်နှင့်ဝန်ထမ်းများက နွားကူးကြီး ကျေးရွာအုပ်စု၊ နွားကူလေးကျေးရွာအနီး ပန်းလောင် မြစ်အတွင်းသို့ ရွှေဝါငါးကြင်းငါကောင်ရေ စုစုပေါင်း ၃၀၀၀၀၀ အား   ဇိဝိတဒါနအဖြစ်စိုက်ထည့်ပေးခဲ့ကြောင်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)