ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်နှင့် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြစိုက်ခင်းများအတွက် ဓာတ်မြေသြဇာများ အခမဲ့ပေးအပ်

မောက်မယ် သြဂုတ် ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း စီးပွားရေးကုစားမှု COVID-19 Economic Relief Plan (CERP) အစီအစဉ်နှင့် ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်းများအတွက် မျိုးသန့်၊ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်သော တောင်သူလယ်သမားများအတွက် ဓာတ်မြေ သြဇာများ ပေးအပ်ခြင်းကို  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး ခန်းမ၌ ယမန်နေ့ နေ့လယ် ၂ နာရီခွဲက တောင်သူ လက်ဝယ် အရောက် အခမဲ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသက်နိုင်က (CERP)အစီအစဉ်နှင့် ဘက်စုံအဆင့်မြင့်နည်း ပညာသုံး စံပြစိုက်ခင်းများ အတွက် မျိုးသန့်၊ မျိုးစေ့ထုတ် တောင်သူ(၂၃)ဦးအား ဓာတ်မြေသြဇာထောက်ပံ့ ပေးအပ်ရ ခြင်းနှင့် ပတ်သက်၍ သုံးစွဲပုံ/သုံးစွဲ နည်း အသိပညာပေးရှင်းလင်းပြောကြားပြီး မိုးစပါးစိုက်ခင်းများအတွက် ဓါတ်မြေသြဇာများ အိတ်(၅၀)နှင့် လိုအပ်သော ပိုးသတ်ဆေးများ တောင်သူလက်ဝယ်အရောက် အခမဲ့ပေး အပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်