မင်းဘူး ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက စီစဉ်ဖွင့်လှစ်သော ကိုဗစ်-၁၉ Relief Package (1) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က သင်တန်းဖွင့်လှစ် ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ကိုဗစ်-၁၉ Relief Package (1) ခရီးသွားလုပ်ငန်း (အခြေခံ) သင်တန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ဦးဆောင် လမ်းညွှန်မှု၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၏ စီစဉ်ကြီးကြပ်မှုဖြင့် မင်းဘူး(စကု)မြို့နယ်အတွင်း ခရီးစဉ်ဒေသများတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများ၊ ခရီးသွား ဝန်ဆောင်မှုလုပ်များကို မြှင့်တင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဆိုင်ရာကျွမ်းကျင် ပညာရှင်များအသင်းမှ နည်းပြများဖြင့် သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို နှစ်နေရာခွဲ၍ မင်းဘူးမြို့တွင် ၂၀ ဦး၊ စကုမြို့တွင် ၂၀ ဦး၊ စုစုပေါင်း သင်တန်းသား သင်တန်းသူ ၄၀ ဦးဖြင့် ရက်သတ္တ(၁)ပတ် (၈ ရက်ကြာ) သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း၊ သင်တန်းသားတစ်ဦးကို တစ်ရက်လျှင် အနိမ့်ဆုံး လုပ်ခ လစာ (၄၈၀၀ကျပ်) နှုန်းဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)