ယင်းမာပင်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးမှ ကွင်းဆင်း စစ်ဆေး

ယင်းမာပင်   သြဂုတ်  ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်းသို့ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်စိုးမှ  Quarantine Center ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်စိုးမှ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာသင်တန်းကျောင်း၌ Quarantine Centre ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများကို ဝင်ရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပြီး ခရိုင်/မြို့နယ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

စိုးမိုး (ပြန်/ဆက်)