ကော့ကရိတ်မြို့နယ် သမဝါယမအသင်းစုမှ အ​ခြေခံအသင်းသားများကို အာလူးနှင့်ကြက်သွန်ဖြူ အခမဲ့ဖြန့်​ဝေ​ပေး

​ကော့ကရိတ် သြဂုတ်၂၉

ကရင်ပြည်နယ်၊​ ကော့ကရိတ်မြို့တွင်၊ မြို့နယ်သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ်သမဝါယမအသင်း စုမှ တစ်ဆင့် အသင်းသားများအား ယမန်​နေ့နံနက်ပိုင်းက အာလူးနှင့်ကြက်သွန်ဖြူတို့ကို အခမဲ့ဖြန့်​ဝေ​ပေးလျက်ရှိ​ကြောင်း သိရသည်။

ကိုဗစ်-၁၉ ထိန်းချုပ်ကာလအတွင်း အသင်းသားများ စားဝတ်​နေ​ရေး အ​ထောက်ပံ့ဖြစ်​စေ​ရေးအတွက်​ ကော့ကရိတ် မြို့နယ် သမဝါယမအသင်းစုမှ တစ်ဆင့် ခရိုင်ဝန်ထမ်း​ပေါင်းစုံ(ဂျီအီးစီ) သမဝါယမအသင်း၊ ပညာ​ရေးဝန်ထမ်း​ ငွေစု​ငွေ​ချေး သမဝါယမအသင်း၊​ အောင်သာယာ စိုက်ပျိုးထုတ်လုပ်​ရေး သမဝါယမအသင်းတို့ကို ပြင်ပ​ပေါက်​စျေးထက်​စျေးနှုန်း ချိုသာစွာဖြင့်​ ရောင်းချ​ပေးခဲ့ပြီး ထိုအသင်းအမှု​​ဆောင်များမှ မိမိတို့ ၏အစီစဉ်ဖြင့် အသင်းသား များကို အခမဲ့ဖြန့်​ဝေ​ပေးခဲ့သည်။

ထိုသို့ဖြန့်​ဝေ​ပေးရာတွင် အသင်းသား(၁၂၀၀)ဦးအား တစ်ဦးလျှင်ကြက်သွန်ဖြူ(၅၀)သား၊ အာလူး(၅၀)သားဖြန့်​ဝေ​ပေးခဲ့​ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)