နတ်မောက် သြဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၀ ပြည့်နှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေကို သြဂုတ် ၂၄ ရက်နေ့နှင့် ကိုဗစ်-၁၉ အထူးချေးငွေများကို သြဂုတ် ၂၈ ရက်နေ့တွင် အပြီးထုတ်ချေးပြီးဖြစ် ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မိုးရာသီ သီးနှံထုတ်လုပ်မှု ဘဏ်ချေးငွေများကို ကျေးရွာအုပ်စု (၇၅)အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူ (၁၁၂၀၁) ဦးတို့ကို စပါးဧက(၂၉၆၈)နှင့် အခြားသီးနှံဧက(၅၃၆၆၀)၊ စုစုပေါင်း (၅၆၆၂၈)ဧက အတွက် ချေးငွေပမာဏ ကျပ်သိန်း (၅၈၁၁၂.၀၀)ကို သြဂုတ် (၂၄)ရက်နေ့က ထုတ်ချေးပေးခဲ့ပြီး ကိုဗစ်-၁၉ အထူးချေးငွေ များကို ကျေးရွာ(၇၄)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူ (၁၀၂၉၂) ဦးတို့ကို ဧက (၅၂၅၅၄)အတွက် ချေးငွေပမာဏ ကျပ်သိန်း (၂၆၂၇၇.၀၀)ကို သြဂုတ် ၂၈ ရက်နေ့က အပြီးထုတ်ချေးပြီးဖြစ်ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မိုးမိုးသိန်းထံမှ သိရသည်။
လှဝင်း(နတ်မောက်)