သတင်းများ

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၂၀)ရပ်ကွက်၌ စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် မရောင်းရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသံချဲ့စက်ဖြင့်လှည့်လည်နှိုးဆော်
Sep 09,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနိုင်ရေးအတွက် စာသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်ဖြင့် မရောင်းချရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသံချဲ့စက်ဖြင့် ယမန်နေ့ ည ၉ နာရီခန့်က အမှတ်(၂၀)ရပ်ကွက် လှည့်လည်နှိုးဆော်ခဲ့သည်။
လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် Quarantine Center ပြန်လည်ထားရှိရန် ဆောင်ရွက်
Sep 09,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ Covid-19 ကာလအတွင်း အမှတ်(၆)ရပ်ကွက် ၊ အောင်မြင်သာယာဘုရားအနီး သာသနာ့ဗိမာန်တွင် ယမန် နေ့ မွန်းလွဲပိုင်းက Community Base Facility Quarantine Center ဖွင့်လှစ်ရန်  ဆွေးနွေးခဲ့ကြ သည်။
ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများသို့ လှည့်လည် အသိပေး ကြေညာ
Sep 09,2020
ပဲခူတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ကဝမြို့ ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ သွားလာ နေထိုင်ကြရန် ယနေ့ နံနက် (၈) နာရီအချိန်က မော်တော်ယာဉ်ဖြင့် ကဝမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးသို့ လှည့်လည်အသိပေး ကြေညာခဲ့သည်။
မှော်ဘီမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာထိန်းချုပ်နိုင်ရန် လက်ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် များအား လိုက်လံအသိပေးဆောင်ရွက်
Sep 09,2020
 ရန်ကုန်မြောက်ပိုင်းခရိုင်၊မှော်ဘီမြို့နယ်တွင် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ကူးစက်ရောဂါ ပျံ့နှံမှု ကိုပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန် အတွက် မှော်ဘီမြို့နယ် စည်ပင်သာယာရေး အဖွဲ့ ဝန်ထမ်းများက ယမန်နေ့ နေ့လည်ပိုင်းတွင် တပ်ကြီးကုန်းကျေးရွာ လေထီးလမ်းနှင့် အမှတ်(၄)လမ်းမ ရှိလက်ဖက်ရည်ဆိုင် များ၊စားသောက် ဆိုင်များ၊ထမင်းဆိုင်များသို့ သွား ရောက်ပြီးလိုက်လံ အသိပေးဆောင်ရွက်ခဲ့သည်။
မိုင်းငေါ့မြို့ စည်ပင်သာယာရေးဌာနမှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Sep 09,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ မြို့မဈေး၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးခြင်းလုပ်ငန်းများအား ယနေ့နံနက် (၁၁) နာရီ အချိန်ခန့် က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တွံတေး၌ ကိုဗစ်-၁၉ ကာလ စားသောက်ဆိုင်များ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုစေရေး စစ်ဆေး ကြပ်မတ်
Sep 09,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါ ကူးစက်​ပြန့်ပွားမှုကို ပိုမိုထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ လက်ဘက်ရည်ဆိုင်များ၊ ထမင်းဆိုင်များအား ယမန်နေ့ကစ၍ နောက်ထပ် ညွှန်ကြားချက် တစ်စုံတစ်ရာ မရခင်အထိ ဆိုင်ထိုင်စနစ်ဖြင့် ရောင်းချခြင်းမပြုဘဲ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စက်တင်ဘာလ ၅ ရက်နေ့တွင် အသိ ပညာပေးနှိုးဆော်ထားပြီး ဖြစ်သည်။
ဆွမ်ပရာဘွမ်မြို့နယ်အတွင်း စပါးသီးနှံများ၌ ပိုးမွှားရောဂါ ကျရောက်မှု ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်း
Sep 09,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ကဘရန်ခူးရပ်ကွက်၊ တောင်သူ ဦးလှတောပိုင် ဦးပိုင်အမှတ် (၉)၊ ကွင်းအမှတ် (oss) စိုက်ပျိုးဧရိယာ (၃) ဧကတွင်စပါးသီးနှံများ၌ ပိုးမွှားရောဂါ ကျရောက်မှု ရှိ / မရှိကို ယနေ့နံနက် ၁၂ နာရီခန့်က စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကွင်းဆင်းစစ်ဆေးခဲ့သည်။
နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ရုံးဝတ်စုံများထောက်ပံ့
Sep 09,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်း က ရုံးဝန်ထမ်းများအား ရုံးဝတ်စုံများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။