ထားဝယ်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ထားဝယ်၊ စက်တင်ဘာ ၉

တနင်္သာရီတိုင်းဒေသကြီးထားဝယ်မြို့တွင် ကိုဗစ်-၁၉ရောဂါကူးစက်ပျံ့နှံ့မှုထိန်းချုပ်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ လမ်းဆုံကြီးမီးပွိုင့်နှင့် ဥတ္တံတားကြီးလမ်းဆုံများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်

ထိုနောက်ထားဝယ်မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနရဲတပ်ဖွဲ့ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ခရီးသွားလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရေးအတွက် လူတိုင်းကို နှာခေါင်းစည်း (Mask) တပ်စေလိုသောအားဖြင့် (Mask) မတပ်သောသူများကို ငွေကျပ် (၅၀၀၀) နှင့် ညီမျှသော (Mask) ဝယ်ယူစေခြင်းဖြင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့သည်

အဆိုပါအဖွဲ့သည် ထားဝယ်မြို့နယ်အတွင်းရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ထွက်ခွာရာတွင်(Mask)တပ်ဆင်သွားလာကြရန် မကြာခဏလက်ဆေးကြရန်၊ လူစုလူဝေးရှောင်ပြီး သတ်မှတ်အကွာအဝေးအတိုင်းနေထိုင်ကြရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြောင်း သတင်းရရှိသည်

(ထားဝယ်ခရိုင်ပြန်/ဆက်)