ထန်းတပင်(ပဲခူး) စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ရေကျော်ကျေးရွာ ( ၂ ) ဦး ဘုမ္မတီးကျေးရွာ (၁) ဦး ၊ ဇရပ်ကြီးကျေးရွာ(၄)ဦး၊ ကင်မွန်းချုံကျေးရွာ(၁)ဦး ၊ လှည်းလမ်းကူး (၁) ဦး စုစုပေါင်း (၉)ဦး တို့သည် ပြည်ပနိုင်ငံရှိ စက်ရုံများတွင် သွားရောက်လုပ်ကိုင်ခဲ့ပြီး မိမိတို့နေရပ်သို့ ပြန်လာရာ ယမန်နေ့ ညနေ (၅ ) နာရီခွဲက ထန်းတပင်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။
ပြည်ပနိုင်ငံမှ ထန်းတပင်မြို့နယ်သို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ နေရပ်ပြန် (၉)ဦးအား ထန်းတပင်မြို့နယ်အတွင်း သက်ဆိုင်ရာ ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ဖွင့်လှစ်ထားသည့် Facility Quarantine ၌ (၉-၉-၂၀၂၀)ရက်နေ့မှ (၂၉ -၉-၂၀၂၀)ရက်နေ့အထိ Facility Quarantine ဝင်ရောက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျန်းမာရေးဌာနမှ စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)