တကောင်း၊ စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့အတွင်းရှိ ပြည်သူများအတွက် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ (၆)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တကောင်းမြို့နေပြည်သူများအနေ့ဖြင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၏လမ်းညွှန်ချက်များ၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး၏ အမိန့်အမှတ် ၃၀/၂၀၂၀အား ပြည်သူများလိုက်နာသိရှိစေရန်၊ ရောဂါကူးစက်မှုမရှိစေရေးအတွက် ရောဂါကူးစက်မှုရှိသည့်အရပ်ဒေသမှ ပြန်လာသူများရှိပါက အချိန်နှင့်တပြေးညီ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ သတင်း ပေးပို့ကြရန်နှင့် အသိပညာပေးနှိုးဆော်ခြင်းများကို လိုက်နာဆောင်ရွက်ရန် နှိုးဆော်မှုများပြုလုပ်ခဲ့ကြသည်။
အသိပညာပေးနှိုးဆော်ခြင်းကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များက ပူးပေါင်းဆောင်ရွက်ကာ မြို့ပေါ်ရှိ ရပ်ကွက်များသို့ ယခုဖြစ်ပွားလျှက်ရှိသည့် ကိုဗစ် - ၁၉ ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်းမြှင့်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
သီရိအောင် ( ပြန်/ ဆက်)