ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ကတ္တရာလမ်းဖောက်လုပ်မည့် ကျေးရွာများသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟိုပုံး   စက်တင်ဘာ  ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကတ္တရာလမ်း ဖောက်လုပ်မည့် ကျေးရွာများသို့ တာဝန်ရှိသူ များက ယနေ့နံနက်(၁၀) နာရီအချိန်ခန့်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်စံလွင်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်သိုက်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အထွေထွေအုပ်ချုပ်ရေး ဦးစီးမှူး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်လွင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ဝင်းထွန်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများလိုက်ပါပြီး Kham Woo ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် နမ့်ခုတ်ကျေးရွာအုပ်စု နမ့်ခုတ်-ဝမ်လွယ်လမ်း၊ လမ်းအရှည် (၃.၈၂၆ကီလိုမီတာx ၄.၅မီတာ) ရှိ ကတ္တရာလမ်း (၂/၃)မိုင်နှင့် ကုန်းကျိုင်း ကျေးရွာအုပ်စု နောင်ယာဆိုင်း-ဟိုတပ်လမ်း လမ်းအရှည် (၄.၅၅၅၆ကီလိုမီတာ x ၄.၅မီတာ)ရှိ ကတ္တရာလမ်း (၂/၇)မိုင် တို့ကိုလည်းကောင်း၊ ကောင်းမွန်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်မည့် လုံဟေးကျေးရွာ အုပ်စု နမ့်ပေါဆွမ့်ဝို-လိုက်ကတူးလမ်း လမ်းအရှည် (၄.၂၅၆ ကီလိုမီတာ x ၄.၅) ရှိ ကတ္တရာလမ်း (၂/၅)တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောင်းမွန်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ရှိသူက ကတ္တရာလမ်း ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါလမ်းကို ဂျာမနီနိုင်ငံ (KFW Bank)မှ လှူဒါန်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊   ဩဂုတ်လ ၁၀ ရက်နေ့တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)