သတင်းများ

ကျိုက်မရောမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်
Dec 22,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူများအသိပညာဗဟုသုတရရှိစေရန်နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ မော်လမြိုင်မြို့ အမှတ်(၉) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တို့ပူးပေါင်း၍" လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက် ၁၁ နာရီ က လူထုအခြေပြုဗဟိုဌာန (CommunityCenter) ခန်းမ၌ ကျင်းပပြုလုပ်သည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီ ပြိုင်ပွဲများကျင်းပ
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်တွင် ပညာ​ရေးဌာနက ကြီးမှူးကျင်းပ​သော ခရိုင်အဆင့် (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ပိုစတာနှင့် ပန်းချီပြိုင်ပွဲများကို ယမန်​နေ့ နံနက် ၉ နာရီတွင် အမှတ်(၂) အ​ခြေခံပညာ အထက်တန်း​ကျောင်း လသာ၊ မြညီလာခန်းမ၌ ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ရေး လမ်းညွှန်ချက် များနှင့် အညီ ကျင်းပသည်။
(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ မြန်အောင်မြို့နယ်တွင် ကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းဒေသတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးပွဲများသို့ တက်ရောက်
Dec 22,2021
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း တနိုင်းနှင့် ရှင်ဗွေယန်ဒေသများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက် (၁၁)နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင် များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက(၂၉၅၇၃)ဧက စိုက်ပျိုးသွားမည်
Dec 22,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက (၂၉၅၇၃) ဧက စိုက်ပျိုး သွားမည်ဖြစ်ကြောင်းနှင့် (၁၁၃၉၈)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။
ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Dec 22,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ဒီဇင်ဘာ ၁၄ ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ဆေးထိုးနှံရေးအသိပညာပေး လိုက်လံ နှိုးဆော်
Dec 22,2021
ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ ကြိုတင် ကာကွယ်နိုင်မည့် နည်းလမ်းများ သိရှိစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး ရောဂါဖြစ်ပွားမှု နှုန်းအမှန်တကယ် လျော့နည်းကျ ဆင်းစေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ချောင်းဆုံမြို့ တိုးချဲ့ရပ်ကွက်နှင့်ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာ ပေးခြင်း ကို ပြန်/ဆက်ဌာနမှဝန်ထမ်းများက လိုက်လံ နှိုးဆော်မှုများ ပြုလုပ်ခဲ့ကြသည်။
ပုလော မြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)၌ ပင်စင်ငွေများ ထုတ်ပေးလျက်ရှိ
Dec 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)ကို ယမန်နေ့ နံနက် ၈ နာရီမှစ၍ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။