သတင်းများ

ပေါင်မြို့နယ်၊ မုတ္တမကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေး
Dec 21,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့နံနက်ပိုင်း က ပေါင်မြို့နယ်၊ မုတ္တမကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ကွင်းဆင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့နယ်တွင် VDP စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ
Dec 21,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ခြောက်လတာ ကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ (၂) ရွာအား (VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စကားပုံဆက်ပြိုင်ပွဲ ကျင်းပ
Dec 21,2021
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပညာရေးဌာနနှင့်ပူပေါင်း၍ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုအဖြစ် ကျောင်းသား၊ ကျောင်းသူများ၏ စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက ကျင်းပခဲ့သည်။
ကျိုက်ထိုမြို့နယ်ရှိ ရာဘာစက်ရုံနှင့်ဆန်စက်များအား မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး
Dec 21,2021
ယခုအခါ ပွင့်လင်းရာသီရောက်ရှိလာပြီးဖြစ်၍ မြို့နယ်အတွင်းရှိ ပြည်သူများနှင့် စက်ရုံ၊ အလုပ်ရုံများ တွင် မီးသုံးစွဲရာ၌ ပေါ့ဆမှုမရှိစေရေး ကြိုတင်ကာကွယ်နိုင်ရန်နှင့် မီးဘေးအန္တရာယ်လုံခြုံမှုရှိစေရေး တို့အတွက် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ကျိုက်ထိုမြို့ ဖက္ကလိပ်ကျေးရွာရှိ ရာဘာစက်ရုံနှင့်ဆန်စက်တို့အား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ပြည်သူ ၁၂၅၅ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံ
Dec 21,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ပြည်သူ ၁၂၅၅ ဦးတို့အား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို သတ်မှတ်ဆေးထိုးစုရပ်များ၌ ယနေ့နံနက် ၉ နာရီက ထိုးနှံပေး ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ကာကွယ်ရန် အသိပညာပေးနှိုးဆော်
Dec 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝက်လက်မြို့နယ်၌ မိုးစပါး စံကွက်ရိတ်သိမ်းပွဲ ဆောင်ရွက်
Dec 21,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် မိုးစပါး တစ်ဧကထွက်နှုန်း တိုးတက်ရေး နှင့် မျိုးစေ့ထုတ် စိုက်ခင်း ဆောင်ရွက်ထားသည့် မြို့မနည်းပညာပြန့်ပွားရေးစင်တာ နယ်မြေအတွင်းရှိ မြင်တော်ကျေးရွာ စိုက်ဧကများကို စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းကို ယမန်နေ့ က ဆောင်ရွက်ကြကြောင်း သိရသည်။
လွိုင်လင်မြို့၌(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေးပြုလုပ်
Dec 21,2021
ရှမ်းပြည်နယ်( တောင်ပိုင်း) လွိုင်လင်မြို့၌ ၂၀၂၂ ခုနှစ် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။