သတင်းများ

ရန်ကုန်အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲ ခရိုင်အဆင့် ကျင်းပ
Dec 21,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အ.ထ.က(သုဝဏ္ဏ) ကျောင်း၌ယနေ့၊ နံနက်(၉)နာရီတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီပြိုင်ပွဲ များကို ခရိုင်အဆင့်ကျင်းပခဲ့ကြောင်းသိရသည်။
နမ့်စန်တွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့်စာဖတ်ဝိုင်းကျင်း
Dec 21,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နေ့လယ် ၁ နာရီက မက်မွန်မုန်း ကျေးရွာအုပ်စု၊ အမှတ် (၂) ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ကျင်းပခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 21,2021
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) တာဝန်ခံ ဒေါက်တာစိုင်းမင်းသူနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦနိုင်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက သဲကုန်းမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ
Dec 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပ
Dec 21,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် “မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး” ဆွေးနွေးပွဲ Talk Show ကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
သဲကုန်းမြို့နယ်၊ လူထုအခြေပြူဗဟိုဌာနတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ
Dec 21,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ
Dec 21,2021
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဉတ္တခရိုင်၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးဌာနမှူးရုံးမှ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ကျေးရွာအုပ်စု၊ ကျည်တောင်ကန် (၅)ရပ်ကွက်၌ ပုဗ္ဗသီရိမြို့နယ်ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးဝင်းသိန်းနှင့် ဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူမျာသူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းမရှိသေးသူများအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းဆတ်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ အားလုံးလက်တွဲ ကြိုးပမ်းစို့ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ကျင်းပ
Dec 21,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ဖို့ အားလုံးလက်တွဲကြိုးပမ်းစို့ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘက်စုံသုံးခန်းမတွင် ယနေ့ နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။