ငါန်းဇွန် ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ဒီဇင်ဘာ ၁၄ ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ် နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက် ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတုတ္ထအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးရာ ယမန်နေ့နံနက် ၉ နာရီမှစ၍ မြို့မဇုံမှ (၁၂) ဦး၊ မြို့သာဇုံမှ (၂၅)ဦး၊ ငါန်းမြာဇုံမှ (-)ဦး၊ ခြင်္သေ့ လက်ဇုံမှ (၁၆)ဦး၊ သားကျင်ဇုံမှ (၈)ဦး၊ ဂျိုဇုံမှ (၁)ဦး၊ သံဘိုဇုံမှ (-)ဦး၊ ရေလည်သောင်ဇုံမှ (-)ဦးနှင့် ကုလားရွာဇုံမှ (၁)ဦး ၊ မြို့နယ်အတွင်း ဇုံ(၉)ဇုံမှ အသက် (၁၈)နှစ်အထက် စုစုပေါင်း(၆၃)ဦး ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၁၈)နှစ် ပြည့်ပြီးသူများအား ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ ကူညီဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်ကျန်းမာ ရေးဝန်ထမ်းများက စတုတ္ထအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ ဒီဇင်ဘာ ၁၄ ရက်နေ့မှ ၂၁ရက်နေ့အထိ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ (၄၆၀)ဦး ကာကွယ်ဆေးထိုးနှံပြီးကြောင်း သိရသည်။
သက်နောင်ဦး (ငါန်းဇွန်)