ပုလော ဒီဇင်ဘာလ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)ကို ယမန်နေ့ နံနက် ၈ နာရီမှစ၍ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက်ရှိကြောင်း သိရပါသည်။
ပုလောမြို့နယ် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တွင် ပင်စင်လစာထုတ်ယူရန် အငြိမ်းစားဝန်ထမ်း ပေါင်း( ၇၂၆ )ဦး ရှိပြီး၊ ဘဏ်ဖွင့်ရက်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ထုတ်ပြန်ချက် များနှင့်အညီ ဆက်လက် ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ ထိုသို့ ပင်စင် လစာငွေလာရောက် ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်လာခြင်း၊ တစ်ဦးနှင့်တစ်ဦး (၆) ပေကွာ၍ ထိုင်စောင့်ခြင်း၊ အသက်ကြီးသူများကို ဦးစားပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ဘဏ်မန်နေဂျာ ဒေါ်လဲ့လဲ့နိုင်က ကြိုတင်မေတ္တာရပ်ခံပန်ကြား ထားရှိကြောင်း သိရသည်။
အေးအေးမော်(ပုလော)