သတင်းများ

ကမမောင်းမြို့တွင်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်အတွက်အားကစားလှုပ်ရှားမှု ပြိုင်ပွဲများကျင်းပ
Dec 22,2021
 ကရင်ပြည်နယ်ဖာပွန်ခရိုင်၊ကမမောင်းမြို့တွင်(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ကျောင်းသား/ကျောင်းသူများ ကာယဉာဏ ဖွံ့ဖြိုးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက် မြင့်မားလာစေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍  အားကစားလှုပ်ရှားမှု ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ကမ‌မောင်းမြို့လူထုအခြေပြုဗဟိုဌာန  (Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ဆောင်ရွက်ခဲ့ ကြောင်းသိရှိရသည်။
ဆွမ်ပရာဘွမ်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဖလား အမျိုးသားအားကစား ဘောလုံးပြိုင်ပွဲကျင်းပ
Dec 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဖလား အမျိုးသားအားကစား ဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရေနံချောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ဆေးရောင်ခြယ် ပြိုင်ပွဲပြုလုပ်
Dec 22,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နေ့လည် (၁)နာရီအချိန်ခန့် က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဘုတ်ပြင်းမြို့နယ် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲ၊စာအုပ်စာစောင်ပြသခြင်းဆောင်ရွက်
Dec 22,2021
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက် နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြသခြင်းကို ယနေ့နံနက်က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်း ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဘောဂလိမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များအား လိုက်လံအသိပေးခြင်း ဆောင်ရွက်
Dec 22,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု အန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများနှင့် သတ်မှတ် ဦးတည်အုပ်စုတွင် ပါဝင်သူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ပထမအကြိမ်နှင့်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 22,2021
မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)တာဝန်ခံ ဒေါက်တာစိုင်းမင်းသူနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်ကိုကိုအောင်၊ စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဦးနိုင်ဦးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်း က ဆင်ပေါင်ဝဲမြို့ပေါ်ရှိ ဆေးဆိုင်များတွင် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့(Community Center) ခန်းမတွင် စာစီစာကုံးရေးသားနည်း သင်တန်းကျင်းပ
Dec 22,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Center) ခန်းမတွင် ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်ပညာရေးဌာနနှင့်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ စာစီစာကုံးရေးသားနည်းသင်တန်းကိုကျင်းပသည်။