ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက(၂၉၅၇၃)ဧက စိုက်ပျိုးသွားမည်

ကျောက်ဆည်  ဒီဇင်ဘာ  ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းကုလားပဲစိုက်ဧက (၂၉၅၇၃) ဧက စိုက်ပျိုး သွားမည်ဖြစ်ကြောင်းနှင့် (၁၁၃၉၈)ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရသည်။

ဆောင်းကုလားပဲများကို တိုက်နယ်(၁)တွင် (၁၈၉၅)ဧက၊ တိုက်နယ်(၂)တွင် (၂၀၀၃)ဧက၊ တိုက်နယ် (၃)တွင် (၃၆၃၉)ဧက၊ တိုက်နယ်(၄)တွင် (၁၇၂၆)ဧက၊ တိုက်နယ်(၅)တွင် (၂၄၃၁)ဧက၊ တိုက်နယ်(၆) တွင် (၁၆၆၈)ဧက၊ တိုက်နယ်(၈)တွင် (၄၃၀၇)ဧက၊ တိုက်နယ်(၉)တွင် (၂၇၃၈)ဧက၊ တိုက်နယ်(၁၀) တွင် (၂၈၈၆) ဧက၊ တိုက်နယ်(၁၁)တွင် (၂၄၆၁)ဧက၊ တိုက်နယ်(၁၂)တွင် (၃၈၁၉)ဧက စုစုပေါင်း (၂၉၅၇၃)ဧက စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ICC V-2 ၊ ရေဆင်း(၃)၊ ရေဆင်း(၄) ကုလားပဲမျိုးများ အများဆုံး စိုက်ပျိုး ကြပြီး ICC V-2 ကုလားပဲမျိုးသည်သက်တမ်းအားဖြင့်(၇၅)ရက်ရှိပြီး ရေဆင်း(၃)၊ ရေဆင်း(၄) ကုလားပဲ မျိုးများသည် ရက်ပေါင်း(၈၅)ရက်ကြာကြောင်းနှင့် ကုလားပဲတစ်ဧက စိုက်ပျိုးမည်ဆိုပါက စိုက်နည်း စနစ်အပေါ်မူတည်ကာ (၈)ပြည်မှ(၁၀)ပြည်အထိအသုံးပြုရကြောင်း၊ အထွက်နှုန်းအနေဖြင့် ရာသီဥတု အခြေအနေအပေါ်မူတည်ပြီး တင်း(၂၀)မှ(၂၃)တင်းအထိ ထွက်ရှိကြောင်းနှင့် ကုလားပဲစိုက်ဧက (၁၁၃၉၈)ဧက   စိုက်ပျိုးပြီးကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောပြ၍ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)