ပုသိမ်မြို့နယ် အခြေခံပညာကျောင်းများတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်လူရွယ်များ အသိပညာတိုးပွားလာစေရန်၊ ထူးချွန်ထက်မြတ်သည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကာယဉာဏ စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယမန်နေန့နံနက် (၇:၃၀)မှစတင်ပြီး ပုသိမ်မြို့ အမှတ်(၅)အ.ထ.က ကျောင်းနှင့် အ.ထ.က.(၁) ကျောင်းများတွင် အားကစား ပြိုင်ပွဲများ ကျင်းပလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာ အားကစားလှုပ်ရှားမှုများ ပြုလုပ် လျက်ရှိကြကြောင်း သိရသည်။